Monday, September 10, 2007

kyae owe (ကြေးအိုး) chinese .myanmar food

ကြေးအိုး

ဝက်ရိုး၊ ၀က်သား (ကြိတ်ပြိးသား)၊ ၀က်သဲ၊ ကြောက်ကပ်၊ ငါးလုံး၊ ငုံးဥ၊ မုန်ညင်းး၊ တရုပ်မျက်၊ ...စသည်တို့  လိုအပ်ပါသည်

ဝက်ရိုးကို ရေစင်အောင်ဆေးပြီးပြုတ်ပါ။ ၁၅-၂၀ မိနစ်လောက်ကြာရင် ပြုတ်ထားတဲ့ ၀က်ရိုးကို ရေသွန်လိုက်ပါ။ ရေအသစ်ထည့်ပြီး မီးနွေးနွေးလေးနဲ့ ပြုတ်ပါ။ ဆား သင့်တင့်အောင်ထည့် ပါ။ သကြားအနည်းငယ်ထည့် ပါ။ ( အချိုမှုန့် မသုံးလိုသူများတွက် သကြားက သင့်တော်ပါတယ်)

ဝက်သားကြိတ်ထားတဲ့ အထဲကို ကော်မှုန့် ၊ ကြက်ဥတလုံး၊ ကြက်သွန်နီကြော် အမှုန့် ထောင်း၊ ကြက်သွန်ဖြူကြော််မှုန့်၊ ပုဇွန်ခြောက်မှုန့့် ၊ ငရုပ်ကောင်း၊ ဆား၊ ပဲငံပြာရည်၊ ငံပြာရည်ထည့် ပါ။ သမအောင်မွေပြီးသွားရင် ၀က်သားပြုတ်ထားတဲ့  အထဲကို အလုံး အလုံးလေးတွေ လုပ်ထည့် ပါ။ ရေပေါ် ပေါလော ပေါ်လာရင် ပြန်ဆည်ပါ။

ဝက်အသဲကို ရေစင်အောင်ဆေးပါ၊ ပြီးရင် အတုံး အရွယ်တော်လေးတုန်းပြိး ဆားနယ်ပါ။ ပြီးရင် ၁၀-၁၅ မိနစ်လောက်ပြုတ်ပါ။ (၀က်သည်းက ကြာကြာပြုတ်ရင် မာသွားတတ်ပါသည်) တရုပ်မဆာလာ ကြိုက်ရင် တပွင့် နှစ်ပွင့် လောက် ထည့် ပြုတ်ပါ။

ကြောက်ကပ်ကို ဆီးကြောလေးတွေ စင်သွားအောင်လှီးထုတ်ပါ။ ပြီးရင် ဆား၊ ဘေကင်ဆိုဒါနဲ့  နယ်ဆေးပါ။ သံပုရာသီးနဲ့ လဲဆေးလို့ ရပါတယ်။ အနံ ပြောက်သွားလောက်တဲ့ ထိဆေးပြီးရင် တရုပ်မဆလာပွင့်  နဲနဲ နဲ့  ပြုတ်ပါ။ ( ကြောက်ကပ် အနံ့  သည် အနည်းငယ် ပြင်း သဖြင့်  မကြိုက်တတ်ရင် မလုပ်စားပါနဲ့  )

အဲ ဆံကြာဇံကိုလဲ ရေစိမ်ထားပါ။

မုန်ညင်းကို ရေစင်အောင်ဆေးပြီး။ အရွယ်တော် ချိုးပါ၊

တရုပ်မျက်ကိုလဲ ဆေးကြီး။ ခပ်ရှည်ရှည် လှီးးပါ။

ငုံးဥပြုတ်ပါ

အားလုံးရပြီဆိုရင်

အိုးသေးလေးထဲကို ၀က်ရိုးပြုတ်ရည် တပန်းကန်စာ။ ကြာဇံ နည်းငယ်ထည့် ပြုတ်ပါ။ အသည်း ကျောက်ကပ် အသားလုံး ငါးလုံးနဲ့  မုန်ညင်းတို့ ကိုထည့် ပြုတ်ပါ။ ငုံးဥပြုတ်ထည့် ပါ၊ အချို အငံ မြည်းပြီး လိုသလို ပြင်ပါ၊ ရပြီဆိုရင် တရုပ်မျက်နဲနဲ၊ နှမ်းဆီလေး လေးစက်လောက်နဲ့  ငရုပ်ကောင်း နဲနဲ ထည့် ပါ။

No comments: